Flash ဝန်ဆောင်မှု
ဝန်ဆောင်မှု · ဆိုင်ရှင်များအတွက်

BitsShop မှာ ကိုယ်ပိုင်ဆိုင် ဖွင့်ပြီး ရောင်းပါ

ကိုယ်ပိုင် ဆိုင်စာမျက်နှာ၊ POS၊ ဘောင်ချာ၊ ဝန်ထမ်း အကောင့်နဲ့ ဝယ်သူ chat — အားလုံး တစ်နေရာတည်း။ ကော်မရှင် မရှိ — ဝယ်သူက သင့်အကောင့်ဆီ တိုက်ရိုက် ငွေချေပါတယ်။

ပထမ ၆ လ အခမဲ့ · ပြီးရင် လစဉ် 30,000 Ks

ဆိုင်တစ်ဆိုင် ရမယ့် အရာများ

ကိုယ်ပိုင် ဆိုင်စာမျက်နှာ

ဆိုင် logo၊ ဆိုင်အကြောင်း၊ follower၊ review နဲ့ ကိုယ်ပိုင် လင့်ခ် — ပစ္စည်းပုံတိုင်းပေါ်မှာ သင့်ဆိုင် logo ပေါ်ပါတယ်။

POS + ဘောင်ချာ

ဆိုင်ခန်းထဲ ရောင်းဖို့ POS (barcode scan)၊ 58 / 80 mm ဘောင်ချာ၊ A4 / A5 invoice နဲ့ အရောင်း / အမြတ် စာရင်း။

ဝန်ထမ်း အကောင့်များ

ငွေကိုင်၊ ပစ္စည်း တာဝန်ခံ၊ order တာဝန်ခံ — ဝန်ထမ်းတစ်ယောက်ချင်း ခွင့်ပြုချက် သတ်မှတ်ပါ။

ဝယ်သူနဲ့ Chat

ဝယ်သူ မေးတာကို ချက်ချင်း ဖြေ၊ ပစ္စည်း၊ ပုံ ပို့လို့ရ — ဝန်ထမ်းတွေလည်း ဆိုင်အမည်နဲ့ ဖြေလို့ရပါတယ်။

Facebook · Messenger · TikTok

ဆိုင်စာမျက်နှာမှာ သင့် Facebook၊ Messenger၊ TikTok ခလုတ်တွေ နဲ့ Share ခလုတ်။

ကော်မရှင် မရှိ

ရောင်းရငွေ အပြည့် သင့်ဆီ — BitsShop က ရောင်းအား ကော်မရှင် မဖြတ်ပါ။

ဝယ်သူက တိုက်ရိုက် ငွေချေ

ဝယ်သူက သင့် KBZPay / WavePay / ဘဏ် အကောင့်ဆီ တိုက်ရိုက် လွှဲ (သို့) COD — “ငွေရပြီ” နှိပ်ပြီး ပို့ရုံပါပဲ။

Order + ပို့ဆောင်ရေး

ပို့ခ ကိုယ်တိုင် သတ်မှတ်၊ order ခြေရာခံ၊ ဆိုင်မှာ လာယူ နဲ့ ပို့ခ voucher။

စျေးနှုန်း

ပထမ ၆ လ အခမဲ့ပြီးရင် လစဉ် 30,000 Ks

ဆိုင် အတည်ပြုတဲ့နေ့ကစပြီး တွက်ပါတယ်။ ၃ လ / ၆ လ / ၁ နှစ်စာ ကြိုပေးလို့ရပါတယ်။

  • ၃ လ90,000 Ks
  • ၆ လ180,000 Ks
  • ၁ နှစ်360,000 Ks
  • ကော်မရှင် 0%
  • ဝယ်သူက သင့်ကို တိုက်ရိုက် ငွေချေ
  • POS · ဘောင်ချာ · ဝန်ထမ်း · Chat အကုန်ပါ

လစဉ်ကြေးကို Admin ကို Messenger (သို့) Support Chat နဲ့ ဆက်သွယ်ပြီး ပေးပါ — BitsShop ရဲ့ ငွေလက်ခံ အကောင့်ကို ဒီစာမျက်နှာမှာ မပြပါ။

ဆိုင်ဖွင့်နည်း — ၃ ဆင့်

1
အဆင့် ၁
အကောင့် ဖွင့်ပါ
Google (သို့) Email နဲ့ BitsShop အကောင့် ဖွင့်ပါ — စက္ကန့်ပိုင်းပဲ ကြာပါတယ်။
2
အဆင့် ၂
ဆိုင်လျှောက် + KYC
ဆိုင်အမည်၊ ဖုန်း၊ မှတ်ပုံတင် အချက်အလက် ထည့်ပြီး လျှောက်ပါ။
3
အဆင့် ၃
အတည်ပြုပြီး ပစ္စည်းတင်
Admin အတည်ပြုတာနဲ့ ပထမ ၆ လ အခမဲ့ စပြီး ပစ္စည်းတင် ရောင်းနိုင်ပါပြီ။

မေးလေ့ရှိတာများ

ဝယ်သူက ငွေ ဘယ်လို ချေလဲ?

ဝယ်သူက သင့်ဆိုင်ရဲ့ KBZPay / WavePay / AYA Pay / CB Pay / ဘဏ် အကောင့်ဆီ တိုက်ရိုက် လွှဲ (သို့) COD နဲ့ ချေပါတယ်။ Seller Centre → “ငွေလက်ခံ အကောင့်များ” မှာ အကောင့် ထည့်ပါ — BitsShop က ငွေ မကိုင်ပါ။

လစဉ်ကြေး ဘယ်လို ပေးရမလဲ?

Admin ကို Messenger (သို့) Support Chat နဲ့ ဆက်သွယ်ပြီး ပေးပါ။ Admin က မှတ်တမ်းတင်တာနဲ့ Seller Centre → လစဉ်ကြေး မှာ သက်တမ်း တိုးသွားပါမယ်။

အခမဲ့ ၆ လ ပြည့်ရင် ဘာဖြစ်မလဲ?

ကုန်ခါနီး ၇ ရက်၊ ၃ ရက်၊ ၁ ရက်အလိုမှာ အသိပေးပါမယ်။ လစဉ် 30,000 Ks ပေးပြီး ဆက်သုံးပါ — ၃ လ / ၆ လ / ၁ နှစ်စာ ကြိုပေးလို့လည်း ရပါတယ်။

ကော်မရှင် ရှိလား?

မရှိပါ — ရောင်းရငွေ အပြည့် သင့်ဆီ ရောက်ပါတယ်။ လစဉ်ကြေး တစ်ခုပဲ ပေးရပါတယ်။

ဒီနေ့ပဲ ဆိုင်ဖွင့်လိုက်ပါ

ပထမ ၆ လ အခမဲ့ — မေးစရာရှိရင် Messenger နဲ့ မေးပါ။