Flash ဝန်ဆောင်မှု
BitsShop
Android App

BitsShop Android App

ဝယ်၊ ဆိုင်နဲ့ chat၊ order ခြေရာခံ — ဆိုင်ရှင်တွေအတွက် POS၊ ဘောင်ချာ၊ ဝန်ထမ်း အကောင့်အထိ App တစ်ခုတည်းမှာ။

ဗားရှင်း 1.11.1Android 64-bit · 32-bit
ဖုန်းကင်မရာနဲ့ scan ဖတ်ပြီး ဒေါင်းပါ

App ထဲမှာ ဘာတွေ ပါလဲ

ဆိုင်ကို တိုက်ရိုက် ငွေချေ · COD

ဆိုင်ရဲ့ KBZPay / WavePay / ဘဏ် အကောင့်ကို copy ကူးပြီး လွှဲ၊ screenshot တင် — ဒါမှမဟုတ် ပစ္စည်းရောက်မှ COD ချေပါ။

ဆိုင်နဲ့ Chat

မဝယ်ခင် မေး၊ ပုံ ပို့၊ reply / reaction — Messenger လိုမျိုး chat။ BitsShop Support နဲ့လည်း တိုက်ရိုက် ပြောလို့ရ။

Order + အသိပေးချက်

ငွေရပြီ၊ ပို့ပြီ ဆိုတာ notification နဲ့ ချက်ချင်း သိရပြီး order အခြေအနေ အဆင့်တိုင်း ကြည့်နိုင်။

ဆိုင်ရှင်အတွက် POS + ဘောင်ချာ

Barcode scan၊ အင်တာနက် မရှိလည်း ရောင်း၊ Bluetooth printer နဲ့ ဘောင်ချာ၊ အရောင်း / အမြတ် စာရင်း။

ဝန်ထမ်း အကောင့်များ

ငွေကိုင်၊ ပစ္စည်း၊ order တာဝန်ခံ — ဝန်ထမ်းတစ်ယောက်ချင်း ခွင့်ပြုချက် သတ်မှတ်ပါ။

Login code လုံခြုံရေး

ဖုန်းအသစ်ကနေ ဝင်ရင် email ကို code ပို့ပြီး ဝင်ထားတဲ့ စက်တွေကို ကိုယ်တိုင် ဖယ်ရှားနိုင်။

Install လုပ်နည်း

  1. အပေါ်က Android (64-bit) ကို နှိပ်ပြီး APK ဖိုင်ကို ဒေါင်းပါ။
  2. ဖိုင်ကိုဖွင့်ပြီး “အမည်မသိ App ခွင့်ပြုရန် (Unknown sources)” မေးရင် ခွင့်ပြုပါ — Settings › Security ထဲမှာ ဖွင့်နိုင်ပါတယ်။
  3. Install ပြီးရင် BitsShop ကိုဖွင့်ပြီး Google (သို့) email နဲ့ ဝင်ပါ။

ဘယ်ဖိုင်ကို ဒေါင်းရမလဲ?

  • 64-bit — ဖုန်းအများစု။ ဒါကို အရင် စမ်းပါ။
  • 32-bit — “App not installed” ပြရင် (ဖုန်းအဟောင်း)။
  • ဗားရှင်းအသစ် ထွက်ရင် App ထဲမှာ အသိပေးပါမယ် — ဒီစာမျက်နှာကနေ ထပ်ဒေါင်းပြီး update လုပ်ပါ။
  • iPhone App မရှိသေးပါ — Safari နဲ့ bitstech.store ကို သုံးပါ။

App မလိုဘူးလား?

Website မှာလည်း အကောင့် တစ်ခုတည်းနဲ့ ဝယ်၊ chat၊ order ကြည့်လို့ ရပါတယ်။