Flash ဝန်ဆောင်မှု
မူဝါဒ

အကောင့် ဖျက်နည်း

BitsShop အကောင့်နဲ့ ကိုယ်ရေးအချက်အလက်တွေကို App / Website ထဲကနေ ကိုယ်တိုင် (ချက်ချင်း) ဒါမှမဟုတ် email နဲ့ တောင်းဆိုပြီး ဖျက်နိုင်ပါတယ်။

နောက်ဆုံး ပြင်ဆင်ချိန် · ၂၀၂၆ အောက်တိုဘာ ၃၀

အတိုချုပ်

  • အမြန်ဆုံး — ကျွန်ုပ် → အကောင့် ဖျက်မယ် → အတည်ပြု။ ချက်ချင်း ဖျက်ပါတယ်။
  • App ထဲ ဝင်မရရင် — အကောင့်ဖွင့်ထားတဲ့ email ကနေ info@bitstech.store ကို ပို့ပါ (ရက် ၃၀ အတွင်း)။
  • ဆောင်ရွက်ဆဲ order ရှိရင် ပြီးမှ (သို့) ပယ်ဖျက်ပြီးမှ ဖျက်လို့ရပါတယ်။
  • ဖျက်ပြီးရင် ပြန်ဖွင့်လို့ မရပါ။

၁App / Website ထဲကနေ ကိုယ်တိုင် ဖျက်နည်း (အမြန်ဆုံး)

  1. BitsShop App (သို့) bitstech.store ကိုဖွင့်ပြီး အကောင့် ဝင်ပါ။
  2. ကျွန်ုပ် (Account) စာမျက်နှာ အောက်ဆုံးက “အကောင့် ဖျက်မယ်” ကို နှိပ်ပါ။
  3. သတိပေးချက်ကို ဖတ်ပြီး အတည်ပြုပါ — အကောင့်နဲ့ ကိုယ်ရေးအချက်အလက်ကို ချက်ချင်း ဖျက်ပါမယ်။
ဆောင်ရွက်ဆဲ order ရှိရင်

ငွေလွှဲရန် စောင့် / ငွေရပြီ / ပို့နေဆဲ order တွေ ပြီးဆုံး (သို့) ပယ်ဖျက်ပြီးမှ ဖျက်လို့ရပါတယ် — ဝယ်သူနဲ့ ဆိုင် နှစ်ဖက်လုံးအတွက်ပါ။

၂Email နဲ့ တောင်းဆိုနည်း

အကောင့်ဖွင့်ထားတဲ့ email ကနေ info@bitstech.store သို့ “အကောင့်ဖျက်ပေးပါ” လို့ ပို့ပါ။ အကောင့်ပိုင်ရှင် ဟုတ်မဟုတ် စစ်ပြီး ရက် ၃၀ အတွင်း ဖျက်ပေးပါမယ်။ ပြီးရင် email နဲ့ အကြောင်းပြန်ပါမယ်။

၃ဖျက်ပေးမည့် အချက်အလက်

  • နာမည်၊ ဖုန်း၊ email၊ profile ပုံ
  • လိပ်စာ စာအုပ်
  • ဆိုင်ရှင် KYC အချက်အလက်နဲ့ ဓာတ်ပုံ
  • Push notification token များ

၄ဆက်ထားမည့် မှတ်တမ်း

  • ပြီးဆုံးပြီးသား ရောင်းဝယ်မှု မှတ်တမ်း — ကိုယ်ရေးအချက်အလက် ဖယ်ရှားပြီး (anonymize) စာရင်းစစ် / ဥပဒေ လိုအပ်ချက်အတွက်သာ။

၅မဖျက်ခင် သိထားရန်

  • ဖျက်ပြီးရင် order မှတ်တမ်း၊ wishlist၊ follow ထားတဲ့ ဆိုင်တွေကို ပြန်ယူလို့ မရပါ။
  • ဆိုင်ရှင်ဆိုရင် — ဆိုင်စာမျက်နှာ၊ ပစ္စည်းများ၊ ဝန်ထမ်း အကောင့်တွေလည်း ပိတ်သွားပါမယ်။ ကြိုပေးထားတဲ့ လစဉ်ကြေး ကျန်ရင် Admin ကို အရင် ဆက်သွယ်ပါ။
  • ခဏ မသုံးချင်ရုံဆိုရင် အကောင့် ဖျက်စရာ မလိုပါ — notification ကို ပိတ်ထားလို့ ရပါတယ်။

How to delete your BitsShop account

In the app or on the website: sign in → Account → Delete account → confirm. Deletion is immediate. Orders that are still in progress must be completed or cancelled first.

By email: send a request from your registered email to info@bitstech.store — processed within 30 days.

Deleted: name, phone, email, profile photo, addresses, seller KYC data, push tokens. Kept: completed transaction records, anonymised, for accounting / legal purposes.

ဆက်စပ် မူဝါဒများ

အကောင့် ဝင်မရဘူးလား?

Email နဲ့ တောင်းဆိုပါ (သို့) Messenger မှာ မေးပါ — ရုံးချိန် တနင်္လာ–စနေ 9:00–18:00။