မေးလေ့ရှိသော မေးခွန်းများ (FAQ)
BitsShop အသုံးပြုပုံနှင့် ပတ်သက်တဲ့ မေးခွန်းအများစု၏ အဖြေများ — အုပ်စုလိုက် ရှာဖွေနိုင်ပါသည်။
ဘယ်လို မှာယူရမလဲ?
Website (bitstech.store) သို့မဟုတ် Android App မှာ ပစ္စည်းရွေး → ခြင်းထဲထည့် → Checkout မှာ နာမည်၊ ဖုန်း၊ လိပ်စာ ဖြည့် → ငွေချေနည်း ရွေးပြီး မှာယူပါ။ ဆိုင်က အတည်ပြုပြီး ပို့ဆောင်ပေးပါမည်။
Account မရှိဘဲ ဝယ်လို့ရလား?
မှာယူဖို့ အကောင့် လိုအပ်ပါသည် — order များနှင့် ငွေကာကွယ်မှုကို အကောင့်နှင့် ချိတ်ဆက်ထားလို့ပါ။ Google အကောင့်နဲ့ တစ်ချက်နှိပ်ရုံနဲ့ အကောင့်ဖွင့်/ဝင်နိုင်လို့ စက္ကန့်ပိုင်းပဲ ကြာပါတယ်။
Order အခြေအနေ ဘယ်မှာ ကြည့်လို့ရလဲ?
Website မှာ ကျွန်ုပ်၏ အော်ဒါများ စာမျက်နှာ၊ App မှာ Orders tab မှာ ကြည့်နိုင်ပါသည်။ ပို့ဆောင်နေချိန်မှာ App ထဲက မြေပုံပေါ်မှာ ပို့ဆောင်သူ တည်နေရာကို Live ကြည့်နိုင်ပါသည်။ ကျွန်ုပ်၏ အော်ဒါများ
Order ကို ပယ်ဖျက်လို့ရလား?
ရပါသည် — ပစ္စည်း မပို့ဆောင်မီ (ငွေပေးရန် စောင့်ဆိုင်း သို့မဟုတ် Escrow ထိန်းထားဆဲ အခြေအနေ) ဖြစ်ရင် Orders စာမျက်နှာက ပယ်ဖျက်မယ် ခလုတ်နဲ့ ချက်ချင်း ပယ်ဖျက်နိုင်ပါသည်။ ပို့ဆောင်နေပြီဆိုရင်တော့ လက်ခံပြီးမှ ပြန်အမ်း တောင်းဆိုရပါမည်။
Escrow ဆိုတာ ဘာလဲ? ငွေက ဘယ်လောက် စိတ်ချရလဲ?
Escrow ဆိုတာ ဝယ်သူချေတဲ့ငွေကို ဆိုင်ဆီ တိုက်ရိုက်မပေးဘဲ platform က ကြားခံ ထိန်းသိမ်းထားတဲ့ စနစ်ပါ။ ဝယ်သူက ပစ္စည်းလက်ခံရရှိကြောင်း App ထဲမှာ အတည်ပြုမှသာ ငွေကို ဆိုင်ဆီ လွှဲပေးပါသည်။ ပစ္စည်းမရောက်ရင် / ပြဿနာရှိရင် ငွေက platform ထဲမှာပဲ ရှိနေသေးလို့ ပြန်အမ်းနိုင်ပါသည်။
ဘယ်လို ငွေချေနည်းတွေ ရလဲ?
① အိမ်ရောက်ငွေချေ (COD) — နယ်မြေအလိုက် ရနိုင်ပါသည် (Checkout မှာ ပြသည့်အတိုင်း)။ ② KBZPay / Wave ကြိုချေ — App ထဲမှာ ရပါသည် — ငွေလွှဲပြီး ပြေစာ (screenshot) တင်ပေးရပါမည်။
KBZPay / Wave နဲ့ ကြိုချေရင် ဘယ်လို အတည်ပြုလဲ?
ငွေလွှဲပြီး App ထဲမှာ ငွေလွှဲပြေစာ ပုံတင်ပါ။ Admin team က ပြေစာကို စိစစ်အတည်ပြုပြီးမှ order က ငွေထိန်းထား (Escrow) အခြေအနေ ပြောင်းပါသည် — အဲဒီမှသာ ဆိုင်က ပို့ဆောင်မှု စတင်ပါသည်။
ဆိုင်က ငွေကို ဘယ်အချိန် ရလဲ?
ဝယ်သူက ပစ္စည်းလက်ခံရရှိကြောင်း App ထဲမှာ အတည်ပြုပြီးမှသာ ရောင်းရငွေ (ကော်မရှင် 5% နုတ်ပြီး) ကို ဆိုင်၏ wallet ထဲ လွှဲပေးပါသည်။
ပို့ဆောင်ခ ဘယ်လောက်လဲ?
ပို့ဆောင်ဇုန်အလိုက် သတ်မှတ်ထားပါသည် — ရန်ကုန် (မြို့တွင်း) 2,000 Ks ・ ရန်ကုန် (ဆင်ခြေဖုံး) 3,500 Ks ・ မန္တလေး 5,000 Ks ・ နေပြည်တော် 5,000 Ks ・ အခြားတိုင်း/ပြည်နယ် 7,000 Ks။ Checkout မှာ လိပ်စာရိုက်ရင် ဇုန်ကို အလိုအလျောက် ရွေးပေးပါသည်။
ပို့ဆောင်မှု ဘယ်လောက်ကြာလဲ?
ဆိုင်တည်နေရာနဲ့ ပို့ရမယ့်ဒေသပေါ် မူတည်ပါသည် — ရန်ကုန်မြို့တွင်း ပုံမှန် ၁–၂ ရက်၊ အခြားဒေသများ ၃–၇ ရက်ခန့် ကြာနိုင်ပါသည်။ ပို့ဆောင်နေချိန်မှာ App ထဲက Live ခြေရာခံနဲ့ အခြေအနေကို အချိန်နဲ့တပြေးညီ ကြည့်နိုင်ပါသည်။
ပို့ဆောင်မှုကို ခြေရာခံလို့ရလား?
ရပါသည် — App ထဲမှာ ပို့ဆောင်သူ (courier) ၏ တည်နေရာကို မြေပုံပေါ်မှာ Live ကြည့်နိုင်ပြီး ပို့ဆောင်မှု အဆင့်တိုင်း (ထုတ်ယူပြီး → လမ်းမှာ → ရောက်ရှိ) ကို ကြည့်နိုင်ပါသည်။
ပစ္စည်းက ပုံနဲ့မတူ / ချို့ယွင်းချက်ရှိရင် ဘာလုပ်ရမလဲ?
App ထဲက order မှာ ပြန်အမ်း တောင်းဆိုမှု တင်ပါ — အကြောင်းအရင်းနဲ့ ဓာတ်ပုံ ပူးတွဲတင်ပေးပါ။ Admin team က စိစစ်ပြီး အတည်ပြုရင် Escrow ထဲက ငွေကို ပြန်အမ်းပေးပါသည်။
ငွေပြန်အမ်း ဘယ်လို ရလဲ?
ပြန်အမ်းမှုကို Admin က တစ်ခုချင်း စိစစ်ပါသည် — အတည်ပြုပြီးသည်နှင့် ငွေကို ပြန်လွှဲပေးပါသည်။ Escrow စနစ်ကြောင့် ဝယ်သူ အတည်မပြုသေးသမျှ ငွေက ဆိုင်ဆီ မရောက်သေးတာမို့ ပြန်အမ်းမှု စိတ်ချရပါသည်။ အသေးစိတ် — ပြန်အမ်းငွေ မူဝါဒ
BitsShop မှာ ဆိုင်ဖွင့်ရောင်းလို့ ရလား? ဘယ်လိုစရမလဲ?
ရပါသည် — BitsShop က multi-vendor marketplace ပါ။ App ထဲမှာ Seller အဖြစ် လျှောက်ထားပြီး KYC (မှတ်ပုံတင် အချက်အလက်) တင်ပါ။ Admin က စိစစ်အတည်ပြုပြီးရင် ဆိုင်ဖွင့်ပြီး ပစ္စည်းတင်ရောင်းနိုင်ပါပြီ။ ဆိုင်ဖွင့်ခြင်း အခမဲ့ပါ။
ကော်မရှင် ဘယ်လောက် ကောက်လဲ?
ရောင်းရငွေ၏ 5% သာ — ရောင်းရမှသာ ဖြတ်ပါသည်။ လစဉ်ကြေး၊ ပစ္စည်းတင်ခ မရှိပါ။ ကော်မရှင်ကို ဝယ်သူ လက်ခံအတည်ပြုပြီး ငွေထုတ်ပေးချိန်မှာ နုတ်ယူပါသည်။
ဆိုင်ခန်းရှိပြီးသားဆိုရင် POS စနစ်ကို သုံးလို့ရလား?
ရပါသည် — App ထဲမှာ ဆိုင်ခန်းတွင်း အရောင်းအတွက် POS ပါဝင်ပါသည်။ အင်တာနက် မရှိချိန်လည်း အလုပ်လုပ်ပြီး (ပြန်ချိတ်ရင် အလိုအလျောက် sync)၊ Bluetooth printer နဲ့ ဘောင်ချာထုတ်နိုင်ကာ အရောင်း/အမြတ် စာရင်းချုပ်များပါ ကြည့်နိုင်ပါသည်။
မေးချင်တာ မပါသေးဘူးလား?
App ထဲက Support Chat (အမြန်ဆုံး) သို့မဟုတ် Email ဖြင့် မေးမြန်းနိုင်ပါသည်။
