Flash ဝန်ဆောင်မှု
မူဝါဒ

ကိုယ်ရေးအချက်အလက် မူဝါဒ

BitsShop က ဘယ်အချက်အလက်တွေကို ဘာအတွက် စုသလဲ၊ ဘယ်သူတွေ မြင်ရသလဲ၊ ဘယ်လို ဖျက်လို့ရသလဲ — စနစ်က တကယ် စုတာတွေကိုပဲ ရေးထားပါတယ်။

နောက်ဆုံး ပြင်ဆင်ချိန် · ၂၀၂၆ အောက်တိုဘာ ၃၀

အတိုချုပ်

  • ဝယ်ဖို့၊ ရောင်းဖို့၊ ပို့ဖို့ လိုတဲ့ အချက်အလက်ပဲ စုပါတယ် — ကတ်နံပါတ် မစုပါ (ကတ်နဲ့ ငွေချေစနစ် မရှိပါ)။
  • သင့်အချက်အလက်ကို မရောင်းပါ။ ကြော်ငြာအတွက် ပြင်ပကို မပေးပါ။
  • သင် မှာတဲ့ ဆိုင်က order ပို့ဖို့ နာမည်၊ ဖုန်း၊ လိပ်စာကို မြင်ရပါတယ်။
  • Website လာရောက်သူ စာရင်းအင်းအတွက် Google Analytics cookies သုံးပါတယ်။
  • Data ကို Google Firebase နဲ့ Hostinger ပေါ်မှာ သိမ်းပါတယ်။ အကောင့် ဖျက်ချင်ရင် — အကောင့် ဖျက်နည်း။

၁ကျွန်ုပ်တို့ ဘယ်သူလဲ

BitsShop သည် bitstech.store website နှင့် Android App ပေါ်ရှိ online marketplace ဖြစ်ပါသည် — ဒီးမော့ဆိုမြို့နယ်၊ ကရင်နီ (ကယား)၊ မြန်မာ။ ဆက်သွယ်ရန် info@bitstech.store။

၂စုဆောင်းသည့် အချက်အလက်

အမျိုးအစားဘာတွေလဲဘာအတွက်လဲ
အကောင့်နာမည်၊ email (သို့) ဖုန်း၊ profile ပုံ — Google / Facebook နဲ့ ဝင်ရင် ၎င်းတို့ ပေးတဲ့ နာမည်နဲ့ emailဝင်ရောက်ရန်၊ order နဲ့ chat ကို သင့်အကောင့်နဲ့ ချိတ်ရန်
လိပ်စာလိပ်စာ စာအုပ် — ပြည်နယ် / တိုင်း၊ မြို့နယ်၊ လမ်း၊ ဖုန်းပို့ဆောင်ရန်၊ ပို့ခ တွက်ရန်
ပို့ဆောင်ရေး GPSလိပ်စာ မြေပုံ pin၊ ပို့ဆောင်သူ၏ တည်နေရာ (ပို့နေစဉ်သာ)ပို့ခ တွက်ရန်၊ ပို့ဆောင်မှု ခြေရာခံရန်
Order များပစ္စည်း၊ ပမာဏ၊ ငွေ၊ ငွေချေနည်း၊ အခြေအနေ၊ invoiceOrder ဆောင်ရွက်ရန်၊ မှတ်တမ်း၊ အငြင်းပွားမှု စစ်ရန်
ငွေလွှဲ screenshotOrder ပေါ်မှာ သင် ကိုယ်တိုင် တင်တဲ့ ပုံ (မဖြစ်မနေ မဟုတ်)ဆိုင်က ငွေဝင်ကြောင်း စစ်ရန်၊ အငြင်းပွားမှု
Chatဆိုင်နဲ့ / Support နဲ့ ပြောတဲ့ စာ၊ ပုံဆက်သွယ်ရန်၊ ပြဿနာ ဖြေရှင်းရန်
Review / တိုင်ကြားချက်Rating၊ review စာ၊ reportယုံကြည်မှုနဲ့ စောင့်ကြည့်ရေး
ဆိုင်ရှင် KYCဆိုင်လျှောက်ရာတွင် တင်သော မှတ်ပုံတင် အချက်အလက်နှင့် ဓာတ်ပုံဆိုင်ကို အတည်ပြုရန် (Admin သာ မြင်)
ဆိုင် ငွေလက်ခံ အကောင့်ဆိုင်ရှင်က ထည့်တဲ့ KBZPay / WavePay / ဘဏ် အမည်နဲ့ နံပါတ်ဝယ်သူက ငွေလွှဲနိုင်ရန် (ဝယ်သူ မြင်ရ)
Login လုံခြုံရေးBrowser / စက် ID (server မှာ hash သာ)၊ စက်အမျိုးအစား၊ ဝင်ချိန်စက်အသစ်မှာ email code ပို့ရန်၊ ဝင်ထားတဲ့ စက်စာရင်း
Push tokenဖုန်း / browser ၏ notification tokenOrder၊ chat အသိပေးချက် ပို့ရန်
Website အသုံးပြုမှုကြည့်တဲ့ စာမျက်နှာ၊ browser / စက် အမျိုးအစား၊ ခန့်မှန်း နိုင်ငံ / မြို့ (Google Analytics cookies)လာရောက်သူ စာရင်းအင်း
ဆိုင်ရှင် POSPOS အရောင်း၊ ဘောင်ချာ၊ ကုန်ကျစရိတ်၊ ဝန်ထမ်းဆိုင်ရဲ့ ကိုယ်ပိုင် အရောင်းစာရင်း (ဆိုင်ရှင်သာ မြင်)

၃ဘယ်သူတွေ မြင်ရလဲ

  • သင် မှာတဲ့ ဆိုင် (နဲ့ ခွင့်ပြုထားတဲ့ ဝန်ထမ်း) — order ပို့ဖို့ နာမည်၊ ဖုန်း၊ လိပ်စာ၊ order အသေးစိတ်။
  • ပို့ဆောင်သူ — ဆိုင်က တာဝန်ပေးတဲ့ order ရဲ့ ပို့ဆောင်ရေး အချက်အလက်။
  • BitsShop team (Admin) — အကူအညီ၊ တိုင်ကြားချက် စစ်ဆေးရန်၊ ဆိုင် အတည်ပြုရန်။
  • အားလုံး — ဆိုင်အမည်၊ ဆိုင် logo၊ ပစ္စည်း၊ review နဲ့ review ရေးသူ နာမည်၊ ဆိုင်၏ ငွေလက်ခံ အကောင့် (order စာမျက်နှာ)။
  • ဥပဒေအရ တရားဝင် တောင်းဆိုလာပါက သက်ဆိုင်ရာ အာဏာပိုင်။

သင့်အချက်အလက်ကို မရောင်းပါ၊ ကြော်ငြာ ကုမ္ပဏီများထံ မပေးပါ။

၄ဝန်ဆောင်မှု ပေးသူများ

  • Google Firebase — database၊ အကောင့် ဝင်ရောက်မှု၊ push notification။
  • Hostinger — website hosting၊ ပုံများ၊ email။
  • Email ပို့ဆောင်မှု — login code နှင့် အသိပေး email များ။
  • Google Analytics (MonsterInsights · Site Kit) — website လာရောက်သူ စာရင်းအင်း။
  • Google / Facebook — ထိုအကောင့်ဖြင့် ဝင်ရောက်ရန် ရွေးလျှင်သာ။

၅သင့်စက်ထဲ သိမ်းသည့်အရာ (Cookies / Local storage)

ဝင်ထားမှု (session)၊ ဘာသာစကား၊ ငွေကြေး၊ အလင်း / အမှောင် ပုံစံ၊ ခြင်းတောင်း၊ မကြာသေးမီ ကြည့်ခဲ့သော ပစ္စည်းနှင့် login လုံခြုံရေးအတွက် browser ID ကို သင့်စက်ထဲမှာ သိမ်းပါတယ်။ Website လာရောက်သူ အရေအတွက်၊ ကြည့်တဲ့ စာမျက်နှာ စတဲ့ စာရင်းအင်းအတွက် Google Analytics cookies ကိုလည်း သုံးပါတယ်။ Browser settings ကနေ ဖျက်လို့ရပါတယ် (ဖျက်ရင် ပြန်ဝင်ရပါမယ်)။

၆လုံခြုံရေး

  • Website နဲ့ App အားလုံး HTTPS (encrypted) နဲ့ ချိတ်ပါတယ်။
  • Database ကို ဝင်ခွင့် စည်းမျဉ်း (security rules) နဲ့ ကာထားပြီး ကိုယ့်အချက်အလက်ကို ကိုယ်နဲ့ သက်ဆိုင်သူသာ ဖတ်နိုင်ပါတယ်။
  • စက်အသစ်ကနေ ဝင်ရင် email code တောင်းပါတယ်။ KYC ပုံတွေကို Admin သာ ကြည့်နိုင်ပါတယ်။

၇သိမ်းဆည်းချိန်နှင့် ဖျက်ခြင်း

အကောင့် ရှိနေသရွေ့ သိမ်းထားပါတယ်။ အကောင့်ဖျက်ရင် ကိုယ်ရေးအချက်အလက်တွေ ဖျက်ပြီး ပြီးဆုံးသွားတဲ့ ရောင်းဝယ်မှတ်တမ်းကိုတော့ နာမည် မပါအောင် (anonymize) လုပ်ပြီး စာရင်းအတွက် ထားပါတယ် — အကောင့် ဖျက်နည်း။

၈သင့်အခွင့်အရေးများ

  • Profile၊ လိပ်စာကို “ကျွန်ုပ်” စာမျက်နှာမှာ ကြည့် / ပြင်နိုင်ပါတယ်။
  • ဝင်ထားတဲ့ စက်တွေကို ကြည့်ပြီး ဖယ်ရှားနိုင်ပါတယ်။
  • Notification ကို ဖုန်း / browser settings ကနေ ပိတ်နိုင်ပါတယ်။
  • အကောင့်နဲ့ အချက်အလက်ကို ဖျက်ခိုင်းနိုင်ပါတယ်။

၉ပြင်ဆင်ခြင်းနှင့် ဆက်သွယ်ရန်

ဤမူဝါဒကို ပြင်ဆင်ပါက ရက်စွဲကို ထိပ်မှာ ပြင်ပြီး အရေးကြီးတဲ့ ပြောင်းလဲမှုကို website / App မှာ အသိပေးပါမယ်။ မေးစရာရှိရင် info@bitstech.store (သို့) Messenger မှာ ဆက်သွယ်ပါ။

English summary

  • BitsShop (bitstech.store + Android app) collects only what the service needs: account details, addresses and delivery GPS, orders, chats, optional transfer screenshots, reviews and reports, seller KYC (admin-only), shops' receiving accounts (shown to buyers), sign-in security data (hashed device id), push tokens and sellers' POS data. No card data — there are no card payments.
  • Shops see what they need to deliver your order; admins see what they need for support and moderation. Processors: Google Firebase, Hostinger, email delivery. Google Analytics cookies are used for visit statistics. We never sell personal data.
  • Delete your account in the app / website or by email — see Account deletion.

ဆက်စပ် မူဝါဒများ

Privacy အကြောင်း မေးချင်လား?

info@bitstech.store (သို့) Messenger မှာ ဆက်သွယ်ပါ — ရုံးချိန် တနင်္လာ–စနေ 9:00–18:00။