ဆိုင်တွေနဲ့ ဝယ်သူတွေကို တိုက်ရိုက် ချိတ်ပေးတဲ့ မြန်မာ့ Online ဈေး
BitsShop က မြန်မာ့ multi-vendor marketplace ပါ။ ဘယ်သူမဆို ဆိုင်ဖွင့်ပြီး ရောင်းနိုင်သလို ဝယ်သူတွေက ဆိုင်များစွာက ပစ္စည်းကို ရှာ၊ နှိုင်းယှဉ်ပြီး ဆိုင်ကို တိုက်ရိုက် ငွေချေ (သို့) COD နဲ့ ဝယ်နိုင်ပါတယ်။
BitsShop ဆိုတာ
BitsShop က ဆိုင်တွေ online မှာ လွယ်လွယ်ကူကူ ရောင်းနိုင်ဖို့၊ ဝယ်သူတွေ ဆိုင်များစွာက ပစ္စည်းကို တစ်နေရာတည်းမှာ ရှာဝယ်နိုင်ဖို့ တည်ဆောက်ထားတဲ့ marketplace ပါ။ Website နဲ့ Android App မှာ အကောင့် တစ်ခုတည်းနဲ့ သုံးနိုင်ပါတယ်။
ငွေကို ဝယ်သူက ဆိုင်ကို တိုက်ရိုက် ချေပါတယ် — BitsShop က ကြားမှာ ငွေ မကိုင်ပါ။ အစား ✓ ယုံကြည်ရ ဆိုင် (KYC စစ်ပြီး)၊ ဝယ်သူ review၊ ဆိုင်နဲ့ တိုက်ရိုက် chat နဲ့ ဆိုင်ကို တိုင်ကြားနိုင်တဲ့ စနစ်တွေနဲ့ ယုံကြည်မှု တည်ဆောက်ပါတယ်။
ဝယ်ယူပုံ — ၄ ဆင့်
ဆိုင်တစ်ဆိုင်ချင်း order သီးခြား ဖြစ်ပြီး ငွေကို အဲဒီဆိုင်ကို တိုက်ရိုက် ချေပါတယ်။
ပစ္စည်း ရွေး
ဆိုင်များစွာက ပစ္စည်းကို ရှာ၊ နှိုင်းယှဉ်ပါ။ ✓ ဆိုင် တံဆိပ်နဲ့ review ကို ကြည့်ပါ။
မှာယူ
လိပ်စာ ဖြည့်ပြီး ငွေချေနည်း ရွေးပါ — ဆိုင်ကို တိုက်ရိုက် ငွေလွှဲ (သို့) COD။
ဆိုင်ကို ငွေချေ
Order စာမျက်နှာမှာ ပြတဲ့ ဆိုင်ရဲ့ KBZPay / WavePay / ဘဏ် အကောင့်ကို လွှဲပါ။ ဆိုင်က “ငွေရပြီ” မှတ်ပြီး ပို့ပေးပါမယ်။
လက်ခံ + review
ပစ္စည်းရောက်ရင် “လက်ခံရရှိပြီ” နှိပ်ပြီး review ရေးပါ။
ပြဿနာရှိရင် ဆိုင်ကို တိုင်ကြား + SupportBitsShop ဆီ ငွေလွှဲစရာ မလိုပါ — ဆိုင်ကို တိုက်ရိုက်ပဲ ချေပါ။ ငွေမလွှဲခင် order စာမျက်နှာက ဆိုင်အမည်နဲ့ အကောင့်အမည် ကိုက်မကိုက် စစ်ပါ — chat ထဲက အကောင့်အသစ်ကို မလွှဲပါနဲ့။
BitsShop မှာ ဆိုင်ဖွင့် ရောင်းမယ်
ကော်မရှင် မရှိ — ဝယ်သူက သင့်အကောင့်ဆီ တိုက်ရိုက် ငွေချေပါတယ်။
- ရောင်းအား ကော်မရှင် 0%
- ၃ လ / ၆ လ / ၁ နှစ်စာ ကြိုပေးလို့ရ
- လစဉ်ကြေးကို Admin ကို Messenger / Support Chat နဲ့ ဆက်သွယ်ပြီး ပေး
ကွန်ပျူတာ၊ laptop၊ printer နဲ့ IT ပစ္စည်းများ — bitstech.store ရဲ့ တရားဝင်ဆိုင်ပါ။ BitsShop ပေါ်က အခြားဆိုင်တွေလိုပဲ စည်းကမ်းတူ လိုက်နာပြီး ငွေကို ဆိုင်ကို တိုက်ရိုက် (သို့) COD နဲ့ ချေရပါတယ်။
ကျွန်ုပ်တို့ ကိုင်စွဲတာ
ငွေက ဆိုင်ဆီ တိုက်ရိုက်
ကြားက ငွေ မကိုင်ပါ။ ဝယ်သူက ဆိုင်ကို တိုက်ရိုက် (သို့) COD နဲ့ ချေလို့ ဘယ်သူ့ငွေ ဘယ်ရောက်လဲ ရှင်းပါတယ်။
မြန်မာအတွက်
မြန်မာဘာသာ အပြည့်၊ KBZPay / WavePay / ဘဏ် + COD၊ ဖုန်းအဟောင်းတွေအတွက် 32-bit App ပါ ပါပါတယ်။
ဆိုင်ငယ်တွေ ကြီးထွားဖို့
ကော်မရှင် မရှိ၊ လစဉ်ကြေး တစ်ခုတည်း။ POS၊ ဘောင်ချာ၊ ဝန်ထမ်း အကောင့်အထိ အကုန်ပါ။
အကောင့် လုံခြုံရေး
စက်အသစ်ကနေ ဝင်ရင် email ကို login code ပို့ပြီး ဝင်ထားတဲ့ စက်တွေကို ကိုယ်တိုင် စီမံနိုင်ပါတယ်။
မေးစရာ ရှိလား?
Messenger က အမြန်ဆုံးပါ — ရုံးချိန် တနင်္လာ–စနေ 9:00–18:00။ ဆိုင်ဖွင့်ချင်ရင်လည်း ဒီကနေ မေးလို့ရပါတယ်။